Lotion
Origin Crystal Concentrate
ပျက်စီးနေသော ဆံသားများကို ချက်ချင်းထိရောက်စေသည်။ ဆံသားများပျော့ပျောင်းနူးညံ့ခြင်း၊ ပြောင်လက်တောက်ပခြင်းကို ခံစားနိုင်သည်။ ဆံသားများ ခေါင်းဖြီးရန်အတွက် ပိုမိုလွယ်ကူစေသည်။ ဆံသားများ ခရမ်းလွန်ရောင်ခြည်ကြောင့် မပျက်စီးအောင် ကာကွယ်ထိန်းသိမ်းပေးသည်။ ဆံသားများကို ပျော့ပြောင်းနူးညံ့စေပြီး ခေါင်းဖြီးရန်ပိုမိုလွယ်ကူစေသည်။
Learn MoreOrigin Damaged Hair Rebuilder
ဤ Damaged Hair Rebuilder သည် Silk Protein, Jojoba နှင့် Vitamin E ဓါတ်များပါဝင်သောကြောင့် ဆံသား၏တစ်သျူးဆဲလ်များတွင် လိုအပ်သော အာဟာရဓါတ်များကို ပြန်လည်ဖြည့်ဆည်းပေးသည်။ ရေဓါတ်နှင့် ဆံသားကိုတောက်ပစေသောဓါတ်များနှင့်အတူ အဓိကပါဝင်ပေါင်းစပ်ထားသောကြောင့် ဆံသားတွန့်ကြေပျက်စီးခြင်းကို ပြန်လည်ကောင်းမွန်စေပြီး ဆံသား၏နူးညံ့ပြောင်လက်မှုကိုပေးစွမ်းနိုင်သည်။ ဆံပင်သားများကို ပျက်စီးစေနိုင်သော နေလောင်ဒဏ်ကို အဆပေါင်းများစွာ ကာကွယ်ပေးသည်။ ခေါင်းလျှော်ပြီးတိုင်း ဆံသားပေါ်တွင် ပုံမှန်သုံးစွဲပေးခြင်းအားဖြင့် ပုံကျလှပသောဆံသားနှင့် ပျော့ပျောင်းနူးညံ့တောက်ပသောဆံသားကို ရရှိပိုင်ဆိုင်နိုင်ပါသည်။
Learn MoreOrigin Moist Sculpting Lotion
Moist Sculpting Lotionသည် ဆံပင်၏ ကောက်သားများကို မာတောင့်ခြင်း မရှိပဲ ပေါ့ပါးစွာထိန်းသိမ်းပေးပြီး ဆံသားကိုအားသစ်သွင်းပေးခြင်းနှင့် ကောက်သားကိုပုံကျလှပစေပါသည်။ ဆံပင်ကောက်သားများကို မငြိတွယ်စေဘဲ ဆင်းလုံးချောစေပြီး နူးညံ့တောက်ပြောင်စေသောစွမ်းရည်ကို ရရှိစေပါသည်။ အစိုဓါတ်ကိုထိန်းသိမ်းပေးခြင်းဖြင့် ဆံပင်၏ကောက်သားများကို ပုံကျလှပစေသည်။ (ဆံသားအကောက်ပုံစံအမျိုးမျိုးနှင့် အလှဆင်ထားသော အမျိုးသမီးများ နေ့စဉ်ခေါင်းလျှော်ပြီးတိုင်း အသုံးပြုသင့်သော Hair Lotion ဖြစ်သည်။ ) ထို့ပြင် ဆံပင်တိုသောအမျိုးသားတို့အတွက် ဆံသားစီးကပ်မာတောင့်ခြင်းမရှိဘဲ အလွယ်တကူပုံသွင်းရန်လည်း အထူးသင့်လျော်သည်။ ဆံသားများကို ခိုင်မြဲလှပသောစနစ်ဖြင့် အထူးသီးသန့်ဖော်စပ်ထားပြီး Moisturizer ဓါတ်ပါဝင်သည့်အတွက် ကျန်းမာစိုပြေသောဆံသားကို ပိုင်ဆိုင်စေပါသည်။
Learn More