About Origin

Bee Choo Originသည် သဘာဝဆေးဘက်ဝင်ပစ္စည်းများဖြင့် ဆံပင်ကိုပေါင်းတင်ခြင်း၏ အတွေ့အကြုံမှာ ၁၀နှစ်ကျော်ခဲ့ပြီဖြစ်ပါသည်။ ဆံပင်ကျွတ်ခြင်းကို ပင်တိုင်သဘာဝဆေးဖြင့် Treatment လုပ်ပေးသည်။ ဟောင်ကောင်မှရရှိသော ရှေးယခင်က ပုံသေနည်းများကိုအသုံးပြုပြီး သဘာဝသစ်မြစ်၊ သစ်ရွက်၊ သစ်ပင်မှ ရရှိသောအရာများဖြင့် ပြုလုပ်ထားပါသည်။ ၎င်းသည် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပြီး ဦးရေပြား၌ ဖြစ်တတ်သော ပြသနာများကိုပါ ကာကွယ်ပေးသည်။ ထို့ပြင် အကျိုးအာနိသင် ထိရောက်စွာနှင့် ချိုသာသောဈေးနှုန်းတို့ဖြင့် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သည်။

ဆံပင်ကျွတ်ခြင်း၏ အဓိကအကြောင်းအရင်းများမှာ နေ့စဉ်စိတ်ဖိစီးမှုများခြင်း၊ မျိုရိုးလိုက်ခြင်း၊ ကလေးမွေးဖွားပြီးနောက် ဆံပင်ကျွတ်ခြင်း၊ ဦးရေပြားအဆီပြန်ခြင်း နှင့် Alpoceia များသည်အဓိကဖြစ်သည်။ ယခုလက်ရှိ နည်းပညာများဖြင့်ထုတ်လုပ်ထားသည့် minoxidii နှင့် propeccia သည် အကျိုးသက်ရောက်မှု ရရှိရန်အတွက် အချိန်မြောက်များစွာနှင့် အကုန်အကျများစွာ လိုအပ်ပြီး လူတိုင်းအတွက်ရေရှည်သုံးစွဲရန် မသင့်တော်ပါ။ Bee Choo Origin ဆံပင်ပေါင်းဆေးသည် သဘာဝပစ္စည်းများသာသုံးထားပြီး 100% ပြည့်ဓါဓုပစ္စည်းများ ပါဝင်ခြင်းမရှိပါ။

 ရှေးယခင်ပုံသေနည်းများ Top-Grade Herbs (Ginseng: ဆံပင်ကျွတ်ခြင်း၊ ဦးရေပြားအဆီထွက်ခြင်းတို့ကို ထိန်းသိမ်းပေးသည်။ Dan Gui: သွေးလည်ပတ်မှုကောင်းပြီး ဦးရေပြားသန့်စင်အောင် စွမ်းဆောင်ပေးသည်။ He Show Wu: ဆံပင်ကိုမည်းနက်တောက်ပြောင်စေပြီး ဆံပင်ဖြူအထွက်နှေးအောင် ထိန်းသိမ်းပေးသည်။ Ling Zhi: ဗောက်ထခြင်း၊ ဦးခေါင်းအရေပြားယားယံခြင်းတို့ကို ပျောက်ကင်းစေသည်။) သဘာဝသစ်ဥသစ်ဖုနှင့် အရွက်များကိုသာ အသုံးပြုထားသည်။ ဤအချက်သည် Bee Choo Origin Product၏ ပစ္စည်းအရည်အသွေး အာမခံချက်ဖြစ်ပါသည်။ ယခုထိတိုင် Bee Choo Origin Herbal Hair Treatment Product သည် Singapore နိုင်ငံတွင် popular အဖြစ်ဆုံးသော Hair Care Product တစ်ခုဖြစ်သည်။