Our History

Bee Choo Origin Herbal Hair Treatment (ဆံပင်နှင့်ဦးရေပြားကျန်းမားရေး) ကို Madam Cheah BeeChew (BeeChoo) က 2000ခုနှစ်တွင်တည်ထောင်ခဲ့သည်။ မူလဆေးဖက်ဝင်အပင်မှရရှိသော သဘာဝသစ်ဥ၊ သစ်ဖု၊ သစ်ရွက်များကို ရှေးယခင်နည်းပညာဇြင့် ၁၀၀%နှုန်းရောနှောဖော်စပ်ထားပါသည်။ ဤသဘာဝဆေးဖက်ဝင်အပင်ကို ဓါတုဗေဒ သို့မဟုတ် ကြာရှည်ခံထိန်းသိမ်းထားရှိသော အရာပစ္စည်းများမပါရှိဘဲ ဦးရေနှင့်ဆံသားကို သဘာဝအတိုင်း ကျန်းမာသန်စွမ်းအောင် စီမံဖော်စပ်ထားပါသည်။

Madambeechoo လုပ်ငန်းကို သူမ၏အိမ်တွင် steaming တစ်ခု၊ ထိုင်ခုံတစ်လုံးနှင့် စတင်တည်ထောင်ခဲ့သည်။ နှစ်ကာလကြာလာသည်နှင့်အမျှ သူမ၏လုပ်ငန်းသည် အောင်မြင်ကျော်ကြားလာသည်။သဘာဝမှရရှိသော ဆေးဖက်ဝင်အပင်များ၏ အကျိုးအာနိသင်ကို လူအများက ယုံကြည်အားထားလက်ခံလာကြသောကြောင့် သူမ၏အိမ်တွင်းလုပ်ငန်းမှစတင်လုပ်ကိုင်ပြီး ခမ်းနားကြီးမားသောဆိုင်တစ်ဆိုင်ဖြစ်လာခဲ့သည။် ဤလုပ်ငန်းစတင်လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်းမှာ စင်္ကာပူနှိင်ငံမှ ဆိုင်ကြီး၅ဆိုင်တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။ မလေးရှားနှိင်ငံမှာဆိုရင်လည်း သူမ၏လုပ်ငန်းလိုင်စင်နဲ့ ငှားရမ်းလုပ်ကိုင်တဲ့ဆိုင်ပေါင်း ၄၇ဆိုင် ဖွင့်လှစ်နိုင်ခဲ့သည်။ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာနိုင်တဲ့အမျှ အင်ဒိုနီးရှား၊ ထိုင်း၊ ထိုင်းဝမ်၊ ဖိလစ်ပိုင်နှင့် ဟောင် ကောင်စသည့် အာရှနိုင်ငံများတွင် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။ လက်ရှိအချိန်ထိ သူမကိုယုံကြည်အားကိုးပြီး လက်တွဲပူးပေါင်းကြသည့် ကိုယ်စာလှယ်ပေါင်း၅၀၀၀၀ကျော် လုပ်ကိုင်လျှက်ရှိပါသည်။

Madam Beechoo စတင်တီထွင်သော ဆေးဖက်ဝင်သစ်ဥ၊ သစ်ဖုများဖြင့်ဖော်စပ်ခဲ့သော ရှေးယခင်နည်းပညာဟာ ခေတ်အဆက်ဆက် လုပ်ကိုင်ဆောင်ရွက်ခဲ့ရာတွင် ယခုချိန်ထိအောင်မြင်ကျော်ကြားလာသည်ကိုတွေ့ရသည်။သူမရဲ့ထူးခြားစွာဖော်စပ်ထားသော သဘောဝဆေးကိုသုံးစွဲကြည့်သည့်အခါ တစ်ဦးချင်းစီရဲ့ဆံပင်ကျွတ်ခြင်း၊ ဦးရေပြားအဆီပြန်ခြင်း၊ဗောက်ထတဲ့ပြသာနာဖြစ်ခြင်းတို့ကို ကာကွယ်ပေးနိုင်သည့်အပြင် ဆံပင်ပြန်ပေါက်မှု့ကိုလည်တွေ့ရှိရပါသည်။ တရုတ်နိုင်ငံမှရရှိသောဆေးဖက်ဝင်ဆေးရွက်၊ဆေးမြစ်များကို စက်ရုံများတွင်၃နာရီအချိန်ကြာအောင်ကျိုချက်ရသည်။ မူလဆေးမြစ်၊ဆေးဖက်ဝင်အပင်မှရရှိသော သဘာဝနည်းတိုင်းဆံပင်ထိန်းသိမ်းရေးနည်းလမ်းကို အသုံးပြုအောင်ဆောင်ရွက်သည့်အခါ ဦးရေပြားဆံသားနှင့်ပတ်သက်သော ပြသာနာများစွာကို ဈေးနှုန်းသက်သက်သာသာ အချိန်မရွေးကုသပေးနိုင်သည်။